Royal Sin Min Condo ဟာအလုံမြို့နယ်၊ကမ်းနားလမ်းနှင့်အလုံလမ်းထောင့်အနီးမှတည်ရှိပါတယ်။နဂို ဆင်မင်းဈေး(သိပ္ပံဈေး)နေရာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် နေကမ္ဘာမြန်မာဆောက်လုပ် ရေးကုမ္ပဏီတို့အကျိုးတူပူပေါင်းတည်ဆောက်ထားတဲ့ Project တစ်ခုလည်းဖြစ်ပါတယ်။Royal Sin Min Condo ဟာ Tower(4)လုံးဖြင့်တည်ဆောက်ထားပါတယ်(Tower A,B,C,D)။မြေညီထပ်တွင်နဂိုဆင်မင်းဈေး(သိပ္ပံဈေး) ပါဝင်ပြီး ၎င်း၏အပေါ် Mezzinine တွင်ကားပါကင်ပါရှိပြီး၊ပထမထပ်Tower(C)၏အခန်း(၃)ခန်းနေရာအားလည်း ကားပါကင်အဖြစ် အသုံးပြုထားပါတယ်။ Royal Sin Min Condo တွင် အခန်းပေါင်း(၁၂၄)ခန်းပါဝင်ပြီး၊Floor တစ်ခုတွင် အခန်းပေါင်း(၁၆)ခန်း(Tower(A) တွင်(၆)ခန်း၊ Tower(B) တွင်(၂)ခန်း၊ Tower(C ) တွင်(၆)ခန်း၊ Tower(D) တွင်(၂)ခန်း)အဖြစ်ရှိပါတယ်။ Facality များအနေဖြင့် Swimming Pool, GYM ခန်းမတို့အားCondo တွင်ဝယ်ယူထားသော အခန်းရှင်များအနေဖြင့် အခမဲ့အသုံးပြုနိုင်ပြီး၊ Home Theater, Meeting Room အခန်း များ အသုံးပြုချိန်ဖြင့်ကျသင့်ငွေပေးချေပြီးအသုံးပြုနိုင်ပါတယ်။ ထို့အပြင် Spa Room နှင့် Convenience Store တို့လည်းပါဝင်ပါတယ်။ ကားပါကင်နေရာများအားမိမိအခန်းနံပါတ်ဖြင့် အခန်း(၁)ခန်းအတွက်(၁)နေရာစာရရှိမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီးအနေဖြင့် EPC လျှပ်စစ်မီတာအပြင် Back Up Generator( KHOLAR 450KVA) (၂)လုံး ပါရှိပြီး၊ EPC လျှပ်စစ်မီးပြတ်တောက်သွားပါက (၁)မိနစ်အတွင်း Generator ဖြင့် (Full Load) ပြန်လည် အသုံး ပြုနိုင်မှာဖြစ်ပါတယ်။ အခန်းတွင်းရှိ မှန်ပြတင်းတံခါးများတွင် Press Aluminium နှင့် Temper Double Glazzing Glass များတပ်ဆင်အသုံးပြုထားတဲ့အတွက် ရာသီဥတုဒဏ်ကိုများစွာခံနိုင်ရည်ရှိလှပါတယ်။ထို့အပြင် Skey Ner, 4TV, 5Movie နှင့် Internet Cable လိုင်းများထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ နေကမ္ဘာမြန်မာဆောက်လုပ်ရေးကုမ္ပဏီ အနေဖြင့် Condo Reserve Funds အဖြင့် ကျပ်သိန်း(၁ဝဝဝ)တိတိ ထားရှိပေးပြီး ကွန်ဒိုသာယာရေး ကော်မတီများလည်းစနစ်တကျဖွဲ့စည်းထားရှိပေးပြီးဖြစ်ပါတယ်။ Royal Sin Min Condo ရှိအခန်းတိုင်းဟာ သဘာဝအလင်းရောင်းနှင့် လေဝင်လေထွက်ကောင်းမွန်အောင် ဖွဲ့စည်းတည် ဆောက် ပေးထားပါတယ်။ မနက်ခင်းအာရုံတက်ချိန်မှာရွှေတိဂုံစေတီတော်မြတ်ကြီးအားကျက်သရေမင်္ဂလာရှိစွာ ဖူးမျှော်နိုင်ပြီး ရန်ကုန်မြစ်ရဲ့နေဝင်ဆည်းဆာအလှကိုခံစားကြည့်ရှုရင်းလုံခြုံစိတ်ချစွာမိသားစုများပျော်ရွင်ချမ်းမြေ့ စွာ နေထိုင်နိုင်မည့်အဆင့်မီကွန်ဒိုတစ်ခုဖြစ်ပါတယ်။ လုံခြုံစိတ်ချမှုအနေဖြင့် ကွန်ဒို၏အဝင်/ထွက်ပေါက်များနှင့် ဓါတ်လှေခါးများဟာ Control Card Access ဖြင့်အသုံးပြုထားပြီး၊ (၂၄)နာရီလုံခြုံရေးဝန်ထမ်းများနှင့် CCTV စနစ်များပါရှိတာကြောင့် လုံခြုံမှုအထူးကောင်းမွန်သော ကွန်ဒိုတစ်ခုဖြစ်ပါတယ်