မင်္ဂလာပါခင်ဗျာ။ ကျွန်တော်များ နေကမ္ဘာမြန်မာဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ထပ်မံ မိတ်ဆက် ပေးချင်တဲ့ Project ကတော့ ရန်ကုန်မြို့ရဲ့မြေဈေးအကောင်းဆုံးနေရာဖြစ်ပြီး၊ အင်းယားကန်၊ ပြည်လမ်းမတို့နှင့် ကိုက်(၁ဝဝ)ခန့်သာဝေးတဲ့ ဓမ္မာရုံလမ်းမပေါ်မှာရှိတဲ့ ဘိုးဘွားပိုက်မြေပေါ်မှာတည်ဆောက်လုပ်ထားတဲ့ Royal Maung Bamar Project ဖြစ်ပါတယ်။ အင်းယားကန်ရေပြင်အလှနဲ့ သန့်ရှင်းလတ်ဆက်တဲ့လေကို ရှုရှိုက်ရင်း ပတ်ဝန်းကျင်သဘာဝအလှပတွေကို တဝကြီးခံစားနိုင်မယ့် အဆင့်မြင့် Condo ကြီးတစ်ခုလည်းဖြစ်ပါတယ်။ Project ရဲ့မြေအကျယ်အဝန်းကတော့်(၁.၅၈)ဧကဖြစ်ပြီးဆောက်လုပ်ရေးဧရိယာကတော့(၁)ဧကရှိပါတယ်။ Royal Muang Bamar Condo ကို တာဝါ(၂)ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Tower(A) နှင့် Tower(B) ဖြစ်ပြီး Floor တစ်ခုတွင် Tower(A) အနေဖြင့်(၉)ခန်းပါရှိပြီး Tower(B) အနေဖြင့်(၇)ခန်းပါဝင်ပါတယ်။ (၁၂.၅)ထပ် အဆောက်အဦးဖြစ်ပြီးအခန်းပေါင်း(၁၈ဝ)ခန်းပါဝင်ပါတယ်။ အခန်း Unit များအနေဖြင့် (Unit A,B,C,D,E,F,G,H,I,J,K,L,M,N,O,P)(၁၆)မျိုးပါဝင်ပြီး အခန်းအကျယ်အဝန်းများအနေဖြင့် 1500sqft ကျော်မှ 2000sqft ကျော်အထိ အမျိုးအစား(၁၆)မျိုးရှိပါတယ်။ ကားပါကင်အနေဖြင့် Semi Basement, Ground Floor, Mezzinine Floor များအဖြစ်(၃)ထပ်ပါဝင်ပါတယ်။ Ground Floor တွင် Fashion Shop, Jewellery Shop, Snack Shop များဖွင့်လှစ်ရန်အထူးသင့်တော်သော Commercial Aeralများပါရှိပြီးပထမထပ်မှ(၁၁)ထပ် ထိ Residence အနေဖြင့်တည်ဆောက်ထားပါတယ်။ တာဝါ(၂)ခုရဲ့အလယ် ပထမထပ်တွင် ရေကူးကန်နှင့် အပန်းဖြေအနားယူရန်နေရာများပါရှိပြီး၊ GYM, Café Bar တို့ကိုလည်း ပထမထပ်မှာ ထည့်သွင်း တည်ဆောက် ထားပါတယ်။ 3D Home Theater, Spa, Meeting Room တို့ကိုတော့ Mezzinine Floor မှာထည့်သွင်း တည်ဆောက် ထားပါတယ်။ Royal Maung Bamar Condo တွင်ရှိသောမည်သည့်အခန်းတွင်မဆို အိပ်ခန်း အနေဖြင့် Master Bed (2)ခန်းနှင့် Single Bed (1)ခန်း ပါဝင်မှာဖြစ်ပါတယ်။ အခန်းတွင်း Facility တွေ အနေနဲ့ ကတော့ အိပ်ခန်း(၃)ခန်း, Living , Dinning ခန်းများအတွက် Air-Con(၅)လုံး၊ laminate Flooring, Video Intercon, ရေပူ/အေးစနစ်, ခေတ်မီသေသပ် လှပသော Ready made Kitchen Cabinet များ, Sky Net, 4TV နှင့် Internet လိုင်းများတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ကားပါကင်(၁)ခန်းလျှင် (၁)နေရာစာ အခန်းနံပါတ်ဖြင့် ရရှိပါမယ်။ အခန်းမှန်ပြတင်းတံခါးများကိုတော့ Press Aluminium နှင့် LOW-E Temper Double Glazing Glass များတပ်ဆင်အသုံးပြုပေးမှာဖြစ်တဲ့အတွက်အသံနှင့်ရေလုံခြင်း၊ မှုန်တိုင်းဒဏ်ခံနိုင်ခြင်း တို့အတွက် အထူး စိတ်ချရပါတယ်။ Back up Generator ပါဝင်ခြင်းကြောင့်(၂၄)နာရီ(Full Load)သုံးနိုင်ခြင်းကြောင့် ဝယ်ယူသူ လူကြီးမင်း များစိတ်ချမ်းသာမှုကိုရရှိစေမှာပါ။ Royal Maung Bamar Condo ဟာ(၂ဝ၁၈ နှစ်ကုန်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ ကျွန်တော်များ နေကမ္ဘာမြန်မာဆောက်လုပ်ရေးမှ Royal Maung Bamar Condoရှိအခန်းများအား ရောင်းချ ပေးနေသောဈေးနှုန်းများမှာလည်းဝယ်ယူသူများအနေဖြင့်နောက်တခါထပ်မံမရရှိနိုင်သောဈေးနှုန်းများ ဖြစ်သော ကြောင့်ဝယ်ယူအားပေးရန်အထူးသင့်တော်သောCondo တစ်ခုဖြစ်ပါတယ်။ နံနက် စောစောအင်းယား ကန်ဘောင်မှာလမ်းလျောက်ပြီးကျန်းမာရေးလိုက်စားလိုသူများအတွက်အသင့်တော်ဆုံးနှင့်အနီးဆုံးနေရာတစ်ခု လည်းဖြစ်ပါ တယ်။ လန်းဆန်းတက်ကြွမှုခမ်းနားကြီးကျယ်သောတော်ဝင်ဆန်မှုစသော အရသာတွေကိုတဝကြီး ခံစားနိုင်မယ့် Royal Maung Bamar Condominium။